မြတ်သော ကာယကံ၊ ၀ဇီကံ၊ မနောကံ၌
သင်၏ဆောက်တည်ခြင်းသည် ဖြစ်စေသတည်း။
ထို့ အတူ သင့်အား ကောင်းမြတ်သောနက္ခတ် ၊ ကောင်းမြတ်သော မင်္ဂလာ သည် ဖြစ်စေသတည်း
ထို့ အတူ သင့်အား ကောင်းမြတ်သောနက္ခတ် ၊ ကောင်းမြတ်သော မင်္ဂလာ သည် ဖြစ်စေသတည်း
မြန်မာ့ရိုးရာဗေဒင် နှင့် နက္ခတ် ဆိုက်ဒ်မှ ဆောင်းပါးများအား အောက်ဖော်ပြပါ အကြောင်းအရာများမှ အပ မူရင်းရေးသားသူနှင့် ဆိုက်ဒ်အမည်အား ဖော်ပြပြီး လွတ်လပ်စွာ ကူးယူနိုင်သည်။
(၁) ဘာသာတရား နှင့် နှိုင်းယှဉ်ပြီး ပုတ်ခတ် ရေးသားမှုများ
(၂) မသိ မတတ်ဘဲ ပညာရပ်များအား နှိုင်းယှဉ်တွက်ချက်မှုများ
(၃) အပျင်းပြေ၊ အပျော်သဘော အစရှိသည့် ပညာရပ်အား အထင်သေးစေမည့် တင်ဆက်မှုများ
(၁) ဘာသာတရား နှင့် နှိုင်းယှဉ်ပြီး ပုတ်ခတ် ရေးသားမှုများ
(၂) မသိ မတတ်ဘဲ ပညာရပ်များအား နှိုင်းယှဉ်တွက်ချက်မှုများ
(၃) အပျင်းပြေ၊ အပျော်သဘော အစရှိသည့် ပညာရပ်အား အထင်သေးစေမည့် တင်ဆက်မှုများ
မြန်မာ့ရိုးရာ တားရော့ ဗေဒ
Thursday, 9 July 2009Posted by
တေးအေးရိပ်
Comments
မြန်မာ့ရိုးရာ တားရော့ ဗေဒ ( ပုံတော်စုံ မဟာဘုတ် ဗေဒင်)
ပုံတော်စုံ မဟာဘုတ် တားရော့ကဒ်ပြား လေးများအား စားပွဲပေါ်သို့ အစီအရီ တင်ပြီး tarot interactive ဖြင့် ဟောပြောမှု စတင်ရန် ၀က်ကင် ဖွင့်လိုက်သည် နှင့် တစ်ပြိုင်နက် မလေးမေ ရောက်ရှိလာလေရာ...
" တားရော့ နဲ့ ဟောနေတာလား ဆရာတေးရဲ့ "
" အင်း ဟုတ်တယ် .. မြန်မာ့ရိုးရာ တားရော့ပေါ့ . . " ပုံတော်စုံ မဟာဘုတ် " လို့ ခေါ်တယ် ။ ကဒ်ပြား စုစုပေါင်း (၁၀၈) ကဒ် ရှိတယ် . . ။ အနောက်တိုင်း တားရော့ မှာက (၇၈) ကဒ် နဲ့  အကြံပေးတယ်။ . . ဒီ "ပုံတော်စုံ မဟာဘုတ်" ကတော့ (၁၀၈) ကဒ် နဲ့  အကြံပေးတယ် ။ အနောက်တိုင်းက တားရော့တွေမှာ major နဲ့  minor ဆိုပြီး တော့ ခွဲထားသလိုပဲ ဒီ မြန်မာ့ရိုးရာ တားရော့မှာလည်း ဣဋ္ဌပုံတော် နဲ့  အနိဋ္ဌပုံတော် ဆိုပြီး တော့ ခွဲထားတယ် "
" ဟုတ်လား ဆရာတေး.. တစ်ခါမှ မကြားဖူးဘူး.. မြန်မာဗေဒင်မှာ တားရော့ ရှိတယ်လို့ "
" ဟဲဟဲ . . အခု ကြားဖူးပြီ မဟုတ်လား . . ဒီ ပုံတော်စုံ ဗေဒင်ဟာ ဘယ်တုန်းကတည်းက ရှိသလဲဆိုတာ မသိရပေမဲ့ သက္ကရာဇ် ၁၂၀၉ ခုနှစ်မှာ ပခန်းကြီး အရှေ့ (၃) မိုင်ကွာမှာ ရှိတဲ့ ပခန်းငယ်နားက ချစ်သူရွာမှာ သီတင်းသုံးနေတဲ့ အမရပူရ နေပြည်တော်က ပန်ဒူးဆရာတော်ကြီးရဲ့ တပည့် ဦးပဉ္စင်း ဦးသာရဝေါ နဲ့ ဦးကျော်ခေါင် တို့ က ရှာဖွေတွေ့ ရှိခဲ့တယ်လို့  ပုရပိုဒ်မှာ ပါတဲ့ မှတ်တမ်းအရ သိရတယ် လို့ ဆိုထားတယ်
အဲဒီ တွေ့ ရှိခဲ့တဲ့ ပုရပိုဒ်မှာ ပါတဲ့ ပုံ တွေဟာ အခြေခံအားဖြင့်တော့ ရုပ်ပုံ (၁၀၈) ပုံပါတယ်.. ။ အဲဒီ (၁၀၈) ပုံစလုံးဟာ ဘုရားဟော ဇာတ်နိပါတ်တော်လာ ပုံတွေနဲ့ ဘုရားရဲ့ ဖြစ်စဉ်တွေထဲက ပုံတွေ ဖြစ်နေတယ် ဆိုပဲ..
- ပုံတော်စုံမှာပါတဲ့ ပုံတော် (၁၀၈) ပုံဟာ ထူးထူးခြားခြား အကောင်း နဲ့ အဆိုး မျှတနေတယ်
- တွက်ချက်နည်းမျိုးစုံနဲ့ တွက်ချက်ပြီးမှ အဖြေထုတ်ရတာ တွေ့ ရမယ်
- ထွက်လာတဲ့ ဟောကိန်းတွေမှာ နိမိတ်သဘောတရားတွေ အများကြီးပါတာ တွေ့ ရမယ်
- ပုံတော်လေးတစ်ပုံ တွေ့ ရုံနဲ့ ဟောကိန်းတွေမမှန်ဘူး . ။ အကြောင်းအရာ တစ်ခုကို ဆုံးဖြတ်တော့မယ်ဆို တွက်ချက်ရမယ့် နည်းမျိုးစုံကို တွက်ချက်ပြီးမှ ဆုံးဖြတ်ရမယ်
- အဓိက ကတော့ အခါတွက်နည်းပဲ.. ဒီ ပုံတော်စုံမှာပါတဲ့ အခါတွေဟာ နာရီ ၊ ဗီဇနာ ၊ ခရာ၊ ၀ိခရာ၊ ကျော်နာရီ၊ ကြားနာရီ ဆိုတဲ့ နည်းစနစ်နဲ့ ရေးထားတယ် .. ။
အနောက်တိုင်းက တားရော့ဗေဒင်ဟာ အခု မြန်မာ့ပုံတော်စုံ ဗေဒင် နဲ့ ယှဉ်လိုက်ရင် အပျင်းပြေကစားဖို့ ကလေးကစားစရာ လောက်ပဲ ဖြစ်သွားတာပေါ့ဗျာ ..
ပုံတော်စုံ ဗေဒင်ပညာရဲ့  လျှို့ ဝှက်ချက်ကတော့ ပုံတော်တွေရဲ့ နိမိတ်ကို စနစ်တကျ ပုံဖော် ဟောတတ်ဖို့ ပဲ ။ ပုံတော်တစ်ပုံ ကို ထုတ်ပြီး ဟော့ဒီလို ဖြစ်မယ်လို့ ပြောရင် မှားတယ် ။ အဲဒီအတိုင်းတော့ မဖြစ်ဘူး .။ ပုံတော်ရဲ့  အားဟာ စက္ကဗျူဟာ လို့ ခေါ်တဲ့ ဗျူဟာဆင် ဟောတတ်ဖို့ လိုတယ် ။
စက္ကဗျူဟာကလည်း တော်တော်များတယ် .. ပုရပိုဒ်မှာ တော့ အများကြီးဆိုပေမဲ့  တစ်ကယ်သုံးလို့ ရတဲ့ ဗျူဟာတွေကို အဓိကထားပြီးတော့ ဖော်ထုတ်ပေးထားတယ် ။ ပြောဖို့ မေ့နေလို့ .. ။ ဒီ မြန်မာ့ရိုးရာပုံတော်စုံ မဟာဘုတ် ဗေဒင် စာအုပ်ကို ပြန်လည် ဖော်ထုတ်ရေးသားခဲ့တဲ့ သူကတော့ ဗေဒင်လက္ခဏာ ကျမ်းပြုပညာရှင် ဆရာဒဂုန် ပေါ့ဗျာ ။ ဆရာဒဂုန် ရေးသားခဲ့လို့ သာ ဒီပညာကို လေ့လာခွင့်ရခဲ့တာပေါ့။
စာအုပ်ထဲမှာတော့ ဟောပြောတဲ့ ဗျူဟာတွေကို ဒီလို ခွဲပြီး ပြထားတယ်။
(က) စတုမုဒြ ဗျူဟာ စက္က
(ခ) န၀ရတ်ကိုးသွယ် ဗျူဟာ စက္က
(ဂ) ပုဗ္ဗ ဗျူဟာ စက္က
(ဃ) သတ္တရု ဗျူဟာ စက္က
(င) န၀င်္ဂ ဗျူဟာ စက္က
(စ) အကြံအစည် ဘယ်တော့ အောင်မြင်မလဲ
(ဆ) အိမ်ထောင်ရေး အထူးဟောနည်း
(ဇ) ထီပေါက်မပေါက် အထူးဟောနည်း
(ဈ) ကျန်းမာရေး အထူးဟောနည်း
(ည) ဒွါဒဿဝဂ် ဗျူဟာ စက္က
ဆိုပြီး ၁၀ ခုပေါ့ဗျာ .. ။
လက်တန်းဟောနည်း ဆိုတာကလည်း ပါသေးတယ်။
- မေးသူရဲ့ မွေးနေ့ ၊
- မေးသူရဲ့ ဂြိုဟ်သက် ၊
- မေးတဲ့နေ့ ရဲ့ ဂြိုဟ်သက်၊
- နေ့ မဟာဘုတ်က သိုက်ဂြိုဟ် နဲ့ ဂြိုဟ်သက်၊
- လာမေးတဲ့သူ ရဲ့ အသက် တွေ အားလုံးပေါင်းပြီး ၁၀၈ နဲ့ စား .. ပြီးတော့ ရလာတဲ့ အကြွင်း အတိုင်း ပုံတော်စုံကားချပ်ကိုယူပီး အဲဒီကားချပ်မှာပါတဲ့ ဟောကိန်းအတိုင်း ကြည့်တာပေါ့ ။ အခါပေး ဆရာတွေဆီ မသွားဘဲ ကိုယ့်ဖာသာ ဟောတတ်အောင် စီစဉ်ပေးထားသေးတယ် ။ "
" ဟာ .. တယ်ဟုတ်ပါလား .. တော်တော် ပြည့်ပြည့်စုံစုံ လုပ်ပေးထားတာပေါ့နော်. . "
" ဟုတ်ပါ့ဗျား .. မြန်မာ့ပညာရပ်တွေ တိမ်ကောမပျောက်ပျက်သွားအောင် စေတနာအပြည့်နဲ့ ဆရာဒဂုန်က စီစဉ်ပေးထားတာပေါ့ .. အနောက်တိုင်းဗေဒင်မှာသာ တားရော့ ရှိတာမဟုတ်ဘူး .. မြန်မာ့ရိုးရာမှာလည်း တားရော့ဗေဒ ရှိတယ်ဆိုတာ သိအောင်လို့ ပေါ့ .."
" ဒါဆို ဈေးဦးပေါက် မေးကြည့်အုံးမှပဲ ..ဟီး "
" လက်စွမ်းပြ ဟောကြည့်တာပေါ့ဗျာ .. ကဲ မေးစေဗျား"
" မေးခွန်းက .. လူတစ်ယောက်ကို ချေးထားတဲ့ ငွေ ပြန်ရမလား ဆိုတာ သိချင်တယ် . . အကြွေး ပြန်ရမလားပေါ့ "
ပုံတော်စုံ (၁၀၈) ချပ်အား အပြန်ပြန် အလှန်လှန် ရောယှက်မွှေနှောက်ပြီး နောက် မည်သည့်ဗျူဟာဖြင့် ဟောပြောရမည်အား စိတ်ထဲတွင် စဉ်းစားလိုက်၏ ။ ထို့ နောက်တွင်ကား လွယ်ကူသည့် နည်းစနစ်တစ်ခုဖြစ်သည့် " စတုမုဒြ ဗျူဟာ စက္က " ဖြင့် ဟောပြောမည်ဟု ကြံစည်ကာ ပုံတော် ( ၁၀၈) ပုံကို အထက်အောက် (၃) ခါရွှေ့ လိုက်လေ၏။ ပြီးနောက် အပေါ်ဆုံး ပုံတော် (၁)ချပ်အား
- လက်ညှိုး နှင့် လက်မ ညှပ်ကာ တစ်ချပ် ဆွဲယူလိုက်၏
- ထို့ နောက် လက်ခလယ် နှင့် လက်မ ညှပ်ကာ တစ်ချပ် ဆွဲယူလိုက်ပြန်၏
- တစ်ဖန် လက်သူကြွယ် နှင့် လက်မ ညှပ်ကာ နောက်တစ်ချပ် ဆွဲယူလိုက်လေ၏
- နောက်ဆုံးအနေဖြင့် လက်သန်း ဖြင့် လက်မ ညှပ်ကာ တစ်ချပ် ဆွဲယူ၏
ပုံတော်များအား ဤကဲ့သို့ တွေ့ ရလေသည်။

" ဆရာတေး .. ဘာမှ မမြင်ရဘူး .. webcam သေချာပြအုံး "
" ပြထားတာပဲ .. interactive နဲ့ လုပ်ထားတာပဲလေ ... အလင်းပြန်နေလို့ မမြင်ရတာနေမှာပေါ့ ဟ .. "
" အဲဒီ ပထမ ဆုံးပုံက ဘာကြီးတုန်း "

" အင်း .. ဒီ ပုံတော် က သိဒ္ဓတ္ထမင်းသား သူနာ မြင်တဲ့ပွဲ လို့ နိမိတ်ရတဲ့ ပုံတော်ပေါ့ ၊ အနိဋ္ဌ ပုံတော် ထဲက တစ်ပုံပေါ့ ။ "
" အကြွေးနဲ့ ဘာဆိုင်တုန်း "
" အော် .. ဒီ ပထမဆုံး ပုံတော်က ဘာကို ပြောသလဲဆိုရင် အတိတ် အကြောင်းပေါ့ဗျာ .. ဒါကြောင့် ခင်ဗျားဟာ ကျန်းမာရေး ကိစ္စကို အကြောင်းပြုပြီး အဲဒီငွေကို ချေးခဲ့တာပေါ့ "
" နောက်တစ်ပုံကကော ဘာပုံလဲဟင်"

" ဒုတိယ ပုံတော်ကတော့ ရာမ မင်းသား ရွှေသမင် အလိုက်မှား တဲ့ ပွဲလို့ နိမိတ်ရတဲ့ ပုံတော်ပေါ့.. ။ ဒီ ဒုတိယ ပုံတော်ဟာ လက်ရှိ ပစ္ဈုပ္ပာန် အကြောင်းကို ဖွင့်ဆိုတယ် ။ ရွှေသမင်လိုက်တယ်ဆိုပေမဲ့ ရွှေသမင်က ထွက်ပြေးတာမှ မဟုတ်တာ ။ လှည့်ပတ်ပြေးနေတာလေ ။ ရာမမင်းသားကို မယ်သီတာအပါးက ခွာအောင် အယောင်ပြ ပြေးတာဆိုတော့ .. အဲဒီ အကြွေးယူထားတဲ့သူဟာ ကိုယ့်ကို လှည့်ပတ်ရှောင်ပြေးပုန်းနေတယ်လို့ အဓိပ္ပါယ် ယူဆလို့ ရတာပေါ့ဗျာ.. ။ ဒါလည်း အနိဋ္ဌ ပုံတော် ပဲ "

တတိယ ပုံတော်ကတော့ မုဆိုးရဲ့  ထောက်ခြောက်ထဲကို ရောက်သွားတဲ့ ခြင်္သေ့ရဲ့ ဆင်းရဲတဲ့ ပွဲ လို့ အဓိပ္ပါယ်ရတဲ့ ပုံတော်ပေါ့ .. ဒီ တတိယ ပုံတော်ဟာ အနာဂတ်ကို ဟောပြောဖို့ အတွက် နိမိတ်ပုံတော်ပေါ့. .အဲဒီ ပုံတော်ကို စဉ်းစားမယ်ဆိုရင်တော့ သစ္စာဖောက်တာတွေ၊ သူတစ်ပါး ထောင်ချောက်မိတာတွေ ၊ အလိမ်ခံရတာတွေ စဉ်းစားနိုင်တယ် .. ဒါကြောင့် ပြောရရင် ယူထားတဲ့ အကြွေး ဆုံးပြီလို့ ဟောကိန်းထုတ်နိုင်တယ်.. ဒီတစ်ခါလည်း အနိဋ္ဌ ပုံတော် ထွက်တယ် "
" အဲ့လိုလား မုဆိုးလက်ထဲေ၇ာက်လို့  ဒုက္ခတွေ့ တာဆိုတော့ မတွေးရဲတော့ဘူး.. ဟုတ်ပါပီ နောက်ဆုံးကဒ်ကရော ဘာကြီးလဲ"

" နောက်ဆုံး စတုထ္ထ ပုံတော်ကတော့ နိမိတ်အတွက် ဟောရမယ် ။ ဒီပုံတော်ကတော့ မြတ်စွာဘုရားဟာ နန္ဒေါပနန္ဒ နဂါးကို အောင်နိုင်တဲ့ပွဲ လို့ အဓိပ္ပါယ်ရတဲ့ ပုံတော်ပဲ .. ဣဋ္ဌပုံတော် ဆိုတော့ ကောင်းတဲ့ နိမိတ်ပေါ့။
အတိုက်အခိုက်တွေ သူများအတွက် ဖြေရှင်းပေးရတာမျိုးကြုံရင် ကံကြမ္မတစ်မျိုး ပြန်ဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်နဲ့ အလိုက်အထိုက် မဆက်ဆံရင် အကြွေးက ဆုံးပြီလို့ သာမှတ် ။
" ဟုတ်ကဲ့ ဆရာတေး ..ဆင်ဆင်ခြင်ခြင်နေပါ့မယ်.. ဒါနဲ့ ဆရာတေး ဗေဒင်ဟောတာက ဟန်းချိန်းကြီးနဲ့  .. webcam ထဲမှာ ကြွားနေတာလား "
" ဟုတ်ပါဘူးဗျာ .. ၀တ်ထားတာက ဒီရောက်ကတည်းက ဟာပါ.. နောက်ဆို crystal ball နဲ့ ဟောမယ် ဟိဟိ
" အကြားအမြင်တောင် ဖြစ်နေပြီလား ...မြင်ရရင် ရှိုးလိုက် ဆရာတေး.. ပြ ပြ ..ဆရာ့ crystal ball .."
" ၀ယ်ရသေးပါဘူးဗျာ.. အင်တာနက်က ရှာတာ ၈ လက်မ အလုံးလေးကို ပေါင် ၂၀၀ ကျော်ဆိုတော့ စဉ်းစားနေတာ.. ဘာပဲဖြစ်ဖြစ် ဟောပြောတဲ့နေရာမှာ အလုံးလေးချထားတော့ .. ဘာရယ်ညာရယ်မဟုတ်.. လူရှိန်တာပေါ့ဗျာ.. ဟက်ဟက် "
Labels:
ပုံတော်စုံ တားရော့
ဥရောပ မှ မြန်မာ့ပညာရပ်များ (ပန်းချီ + အတိုင်ပင်ခံ )
Monday, 29 June 2009Posted by
တေးအေးရိပ်
ဥရောပ မှ မြန်မာ့ပညာရပ်များ (ပန်းချီ + အတိုင်ပင်ခံ )
2009-06-29T21:57:00+01:00
တေးအေးရိပ်
ဆန်း|
Comments
ဟို ပအို့  ပန်းချီကားက အင်္ကျီ တွေ အနက်ရောင်ဖြစ်နေတာကို အပြာရောင် ပြောင်းဆွဲလိုက်ရင်
တစ်ခုသော မေလ တနင်္ဂနွေနေ့  ည ၉း၀၈ မိနစ်အချိန်တွင် ..
- ဟော အစ်ကို နေကောင်းသွားပြီထင်ပါ့ . . .
- ကောင်းသွားပါပြီ ဆရာရေ...အခုဘဲ ဆရာ့ကို အကူအညီ တောင်းမလို့ ဗျ ၊ ဟောပြောနှုန်း ဘယ်လောက်လဲ ဆိုတာ မသိလို့  လိုက်ရှာနေတာ ။
- ကောင်းသွားပါပြီ ဆရာရေ...အခုဘဲ ဆရာ့ကို အကူအညီ တောင်းမလို့ ဗျ ၊ ဟောပြောနှုန်း ဘယ်လောက်လဲ ဆိုတာ မသိလို့  လိုက်ရှာနေတာ ။
- တစ်နှစ်စာလား ၁ခွန်းလား . . .
- မဟုတ်ပါဘူး...လောလောဆယ်အတွက် မေးခွန်းပါ . . ၁ ခွန်းပေါ့... ။
- တစ်နှစ်စာတော့ ဈေးမြှင့်ထားတယ် ၊ ရေးရမှာပျင်းလို့ . ။ ၁ခွန်းကတော့ ၁၀ပေါင်ပါ ။
- ကျနော့်ကိုတော့ ဟောမှ ရမှာဗျ ။
- ဟဲဟဲ .. ၁ခွန်းကတော့ ဖြစ်ပါတယ်
- ဟုတ်ကဲ့ ...ကျနော် ငွေအရင်လွှဲလိုက်ဦးမယ်နော် ၊ ဆရာ ခဏစောင့်ပေးဗျာ..
- အချင်းချင်းပဲ .. ၅ပေါင်ပဲ ထည့်ပါ ၊ ငွေရေးကြေးရေးက အရေးမကြီးပါဘူး .. ဟောဖြစ်ဖို့ သာ အဓိကပါ .. ။
၆ မိနစ်ခန့် ကြာသော် . . .
- ဆရာ...ဘဏ်အကောင့်မှာ ကြည့်လိုက်ပါဦး...ငွေဝင်ရဲ့ လားလို့ .. ၁၀ ပေါင် ထည့်လိုက်တယ်ဆရာ။
- သြော် . .ဟုတ်ကဲ့ .. ၀င်ပါတယ်. . မေးခွန်းရေးပါအုံး ။
- ဇွန်လထဲမှာ ပန်းချီပြပွဲရှိတယ် ဆရာ...ကျနော့်ကားတွေ တင်မယ် ၁၀ ကား...ပန်းချီကားတွေ ရောင်းထွက်မလား ... သိချင်ပါတယ် ။ ငွေကြေးထက် ... မတူညီတဲ့ အယူအဆနဲ့ အရောင်တွေ ကြားမှာ နော်ဝေ ပန်းချီသမားတွေက အထင်သေးချင်တယ်..
- အရေးကြီးလို့ လား . ။ နာရီဝက်ကြာမှ ဖြေလို့ ရလား ။- ရပါတယ် ဆရာ...ကျနော် စောင့်နေမှာပါ
- ဟုတ်ကဲ့ ကျနော် တွက်လိုက်ပါအုံးမယ် အ၀တ်အစားအရောင် ၊ ပန်းချီကားတွေက ဘယ်ဈေးနဲ့  တင်ထားတာလဲ ဆိုတာ ပြောပြပေးပါအုံး ။
- ဟုတ်ကဲ့ ကျနော် တွက်လိုက်ပါအုံးမယ် အ၀တ်အစားအရောင် ၊ ပန်းချီကားတွေက ဘယ်ဈေးနဲ့  တင်ထားတာလဲ ဆိုတာ ပြောပြပေးပါအုံး ။
- ကျနော် အကျီ အဖြူခံမှာ အဲပာရင့် လိုင်းသေးသေး တစ်လက်မလောက် ကွက်ကြားဝတ်ထားတယ်..လိမ္မော်စင်း သေးသေးလေးတွေလည်း ပါတယ်။။ပုဆိုးက အဖြူ အပြာကွက်စိပ်လေးတွေ ၀တ်ထားပါတယ် ။ အကျီမှာ အပြာရင့် လိုင်းသေးသေး ပေါ့..
- မွေးနေ့ ပြန်ပြောပါအုံး ..
- ၁၉xx . . x လ x x ရက် ပါ ဆရာ
- ဟုတ်ကဲ့ ရပြီ အစ်ကိုရေ နာရီဝက်လောက်ကြာမယ်နော် ခဏလေး စောင့်ပေးပါ . . .
- ရတယ် ဆရာ..စောင့်ပေးမှာပါ..အေးအေးဆေးဆေးတွက်ပါ ။
နာရီဝက်ခန့် အကြာ
- ရပြီ အစ်ကိုရေ . . မေးစရာတွေတော့ ရှိတယ် ပန်းချီကားကို နံပါတ်တွေနဲ့ ချိတ်မှာလား ကားနံပါတ် ၁, ၂ အစရှိသဖြင့်ပေါ့ . . .
- ခုထိတော့ မချိတ်ရသေးဘူးဆရာ... ချိတ်တော့ချိတ်မယ်..ကျနော် တဦးတည်းပြပွဲမဟုတ်ဘူး...အများနဲ့ ဆိုတော့ ပန်းချီကားတွေကိုတော့ နံပါတ်ချိတ်မှာသေချာပါတယ်... ။
- ဟုတ်ကဲ့ ဒါဆိုရင် .. ပန်းချီကားမှာ မြေနဲ့ ပတ်သက်တဲ့ ပုံပါလား ။
- မြေဆိုရင်တော့ တောင်တန်းတွေပါမယ် ... မြို့ နဲ့ ပါတ်သက်တဲ့ ကားတွေပါတယ် ... ကျနော်အခုနေတဲ့ မြို့ ပုံတွေပေါ့ ။
- ပန်းချီကားတွေကို အမည်ပေးထားလား မသိဘူး ..
- အခုထိတော့မပေးရသေးဘူးဆရာ ။
- ပေးထားရင်တော့ ကြာသပတေး အမည်နဲ့ စတဲ့ ကားတွေ ရောင်းကောင်းမယ် ၊ ရောင်းထွက်မယ်ပေါ့ဗျာ ပဖဗဘမတွေနဲ့ ပေါ့နော် ၊ ရေနဲ့ ပတ်သက်တဲ့ ပုံပါရင် ပိုရောင်းကောင်းမယ် .. ။
- နာမည်ပေးရင် နော်ဝေလိုဘဲပေးရမှာ...ဆိုတော့ ဘယ်လိုလုပ်မလဲ ဆရာ ။
- နော်ဝေအသံထွက်ကို မြန်မာလို ယူလိုက်ပေါ့ ။
- ဟုတ်ကဲ့ဆရာ . .ပန်းချီကားတွေထဲမှာ ရေဆိပ်တော့ ပါမယ်ဆရာ ။
- အင်း ရေဆိပ်ပါတဲ့ပုံ လူကြိုက်မယ် .. ။ ကဲကဲ ..အစကနေ ပြန်ပြောမယ်နော် ၊ ကားတွေကို နံပါတ် ချိတ်ရင် နံပါတ် ၇ နဲ့ နံပတ် ၃ ကား ရောင်းမထွက်ဘူး ။ ပေါင်းခြင်းပဲ ဖြစ်ပစေ .. တစ်လုံးခြင်းဖြစ်ပစေ ၊ နောက်ပြီးတော့ အနက်ရောင်ဦးစားပေးတဲ့ ပန်းချီကားမျိုး မထွက်ဘူး ၊ အချစ်ကိုဖော်ကျူးတဲ့ ပန်းချီကား မထွက်ဘူး ၊ မီးအသားပေးရတဲ့ ပုံမျိုး မထွက်ဘူး ။ ကားနံပါတ် ၅ ကောင်းတယ် ၊ ကားနံပတ် ၄ ရောင်းထွက်မလိုလိုနဲ့ ပျက်တတ်တယ် ။
ဟုတ်ကဲ့ဆရာ .. မီးဆလိုက်အရောင်တွေ ကစားပြီး ရေးထားတဲ့ အက စုံတွဲတော့ ၁ပုံပါတယ်ဆရာ . .
အင်း ရောင်းထွက်မယ်လို့ မမြင်ဘူးဗျ.. ရောင်းဖြစ်ခဲ့ရင်လည်း ဈေးအရမ်းနည်းမယ် ။
- ဟုတ်ကဲ့ဆရာ.. ဟို ပအို့  ပန်းချီကားက အင်္ကျီ တွေ အနက်ရောင်ဖြစ်နေတာကို အပြာရောင် ပြောင်းဆွဲလိုက်ရင်ကော ..
- အင်း .. ကျနော်က ပန်းချီအကြောင်း နားမလည်ဘူးလေ.. အစ်ကိုက ပန်းချီဆရာဆိုတော့ ပန်းချီမျက်စိနဲ့  သင့်တော်သလို အရောင်ပြောင်းပေးလိုက်ရင် အဆင်ပြေသွားမှာပါ။ ပန်းချီကားက ၁၀ ကားတင်မှာဆို
- ဟုတ်တယ်ဆရာ . . ၊
- နံတ် ၂ ကား ကို လူတွေ စိတ်ဝင်စားမယ် ။ ခုနကပြောတဲ့ တောင်တန်းပါတဲ့ကား နံပါတ် ၂ နေရာချိတ်မယ်ဆိုရင် လူကြိုက်မယ်ပေါ့
- ဟုတ်ကဲ့ဆရာ .. ဒါပေမယ့် ကားတွေကိုဘယ်လိုအစီအစဉ်နဲ့ နံပါတ်ချိတ်မလဲ မသိရသေးဘူး
- ကိုယ်ပြောလို့ မရဘူးလား
- ကျနော်မေးကြည့်ပါ့မယ်
-သူတို့ က ကိုယ့်ကို ချိတ်ရမဲ့ နံပါတ်လေးတွေ ချပေးရင်ပေါင်းကြည့်ပေါ့
-နံပါတ်တွေချိတ်ပြီးရင် ဆရာ့ကိုပြောပါ့မယ်
ဤသို့ ဖြင့် စာမလာ သတင်းမကြားဖြင့် ပန်းချီပြပွဲ ကျင်းပဖြစ်ခဲ့လေရာ .. . . မြန်မာ့လက်ရာ ပန်းချီကားများ ဥရောပတွင် နေရာတစ်နေရာ ယူနိုင်ခဲ့ပေပြီ . . ။
x x x
၁
၅ ပန်းချီ
၂ တနင်္လာသား
--
၎
--
ဝ
၃
၆
ဗုဒ္ဓအချိန် ( တနင်္ဂနွေနေ့ ည ၉း၀၈ မိနစ်)
ဗုဒ္ဓအချိန်တွင် အညွန့် နေရာ၌ မေးမြန်းသော ပန်းချီကား အကြောင်း ရောက်ရှိနေ ကာ မေးသူကိုယ်တိုင်မှာလည်း ဆပွတ်၌ ရောက်ရှိနေ၏ ။ ( အထက်ဆောင်ပန်း )
သက်ရောက်တိုင်အရ မေးသူမှာ ဗုဒ္ဓဟူးသက်ရောက် ဖြစ်၏ ။

ပုံ (၁)
တန်းစီး ၅ အား ကောဇာ ၏ လာဘဂြိုဟ်ဖြစ်သည့် ၄ မှ ပူးကပ်နေသဖြင့် ကြာသပတေး အမည်များ ၊ ကြာသပတေး နှင့် ဆိုင်သည့် ဂြိုဟ်ပရိယာယ်များ ဖြစ်သည့် အပြာ၊ မြေ၊ မြို့  အစရှိသည်များ အား အသားပေး ပြသရန် အကြံပေးခဲ့၏ ။
ပုံ (၂)
တန်းကပ် - ထွက် နေရာရှိ ၄ ပရိယာယ် သဘောအရ ရေနှင့်သက်ဆိုင်သည့် ပန်းချီကား အရောင်းထွက်မည်ဟု အကြံပေးခဲ့၏။
ပုံ (၃)
သက်ရောက်တိုင်ရှိ တိုင်ခြေ ၁ အား ကောဇာ ဒွါယ ကပ်သဖြင့် ဒွါယသဘော ဖြစ်သည့် ၂မျိုး၂ခွ အယူအဆဖြင့် ၁ (တနင်္ဂနွေဂြိုဟ်အားကိုယ်စားပြု ) မီးနှင့်ပတ်သက်သည့် ပန်းချီကား အကြောင်း အကြံပေးခဲ့၏ ။ နိစ် နေရာတွင် အချစ်အား ဖော်ကျူးသည့် ၂ , ပြနေရာတွင် ကာမဂုဏ်အား ဖော်ကျူးသည့် ၆ ရောက်ရှိနေခြင်းကြောင့် မီးဆလိုက် အရောင်ဖြင့် ကကွက်ဖော်ကျူးသည့် စုံတွဲပုံအား အရောင်းမထွက်ဟု အကြံပေးခဲ့၏ ။
ပုံ (၄)
ကောဇာ ၏ ကိစ္ဆ ( ၂ ) နှင့် မရဏ (၆) တို့  ပူးကပ်နေသည့် ၇ ( စနေ ) တိုင်ထိပ် နှင့် အင်္ဂါ (၃) နိစ်လေး တို့ အား ထို ဂဏန်းများဖြင့် ပန်းချီကားနံပါတ်ချိတ်ပါက ရောင်းရန်မလွယ်ကူ ၊ ရောင်းမထွက်ဟု အကြံပေးခဲ့၏ ။ အနက်ရောင် ဖြင့် ရေးဆွဲထားသည့် ပန်းချီကားမျိုး ရှောင်ခိုင်း၏။
Labels:
ဆန်း
ဗုဒ္ဓဟူး/ရာဟု သားသမီးများအတွက် ၁၃၇၁ ခုနှစ်
Tuesday, 23 June 2009Posted by
ဝေသာလီ မောင်ဖုန်း
ဗုဒ္ဓဟူး/ရာဟု သားသမီးများအတွက် ၁၃၇၁ ခုနှစ်
2009-06-23T12:31:00+01:00
ဝေသာလီ မောင်ဖုန်း
၁၃၇၁ ဟောစာတမ်းများ|
Comments
ကောဇာမြန်မာခုနှစ် ၁၃၇၁ခုနှစ် အတွင်း ခုနှစ်ရက်သားသမီးများအားလုံး အတွက် ကံဇာတာဟောပြောချက် လက်ဆောင်
ယခုရောက်ဆဲ ၁၃၇၁ခုနှစ်အတွင်း ........................
ဗုဒ္ဓဟူး/ရာဟု သားသမီးများ
ဗုဒ္ဓဟူး/ရာဟု သားသမီးများ ..ယခု ရောက်ဆဲ မြန်မာခုနှစ်အတွင်း ..... အကျိုးစီးပွား အထူး တိုးပွားနိုင်သော ကောင်းမြတ်သည့် အခါသမယမျိုး ကြုံ
အသက်မွေးမှုအခြေအနေများ အသက်မွေးမှု အခြေအနေပိုင်းတွင် ... ယခုနှစ်သည် ဗုဒ္ဓဟူး/ရာဟု သားသမီးများအတွက် .... အထက်ဖော်ပြပါအတိုင်း အခွင့်အလမ်း များပြားပြီး တိုးတက်ဖွံ့ဖြိုးနိုင်သော ကာလများဖြစ်သည်။ အထူးသဖြင့် နာမည် အဖျားစာလုံးကို ( ပ၊ဖ၊ဗ၊ဘ၊မ) ဖြင့် မှည့်ခေါ်ထားသူများ အဖို့ အခွင့်လမ်း အထူး သာနိုင်သော ကာလဖြစ်သည်။ ဥပမာအားဖြင့် အောက်ပါ ကဲ့သို့သော နာမည်ရှင်များဖြစ်သည်။
ဝေဖြိုး ၊ လွင်မောင်မောင်။ စိုးသူဇာပြည့်၊ တိုးတိုးမြင့်၊ လွင်မာ
ယင်းသို့ အခွင့်အလမ်း သာရာတွင် ဗုဒ္ဓဟူးသားသမီးများ အဖို့ ....စပ်တူ အစုရှယ်ယာ လုပ်ငန်းများ လုပ်ကိုင်ခြင်းတွင် ပိုမို အခွင့်အလမ်းသာလာတတ်ပြီး၊ ရာဟု သားသမီးများအတွက်မူ .... ယခင်က လုပ်ကိုင်ခဲ့ဖူးသော လုပ်ငန်းဟောင်းများ၊ လူဟောင်းမိတ်ဟောင်းများနှင့် ပတ်
ဘာတွေလုပ်သင့်သလဲ.........?????
အသက်မွေးမှု အနေအထား ချို့တဲ့နေသူမျ
နှလုံးသားရေးရာအခြေအနေများ
နှလုံးသားရေးရာ အခြေအနေမှာ ယခုကာလအတွင်း ..... အခြေအနေ ယိုယွင်းနိုင်သော ကာ
အထူးသဖြင့် နာမည်အဖျားစာလုံးကို (က၊ခ၊ဂ၊ဃ၊င) ဖြင့် အောက်ပါကဲ့သို့ မှည့်ခေါ်ထားသော သူတို့မှာ .... နှလုံးသားရေးရာ ထူးခြားမှု အခြားသူတို့ထက် ပိုမိုကြုံတွေ့
ယဉ်ယဉ်ခိုင်၊ ဝေလွင်ကိုကို၊ မြင့်ဦးကျော်၊ ၀င်းကျော်၊ လွင်မောင်မောင်ခန့်.........
အိမ်ထောင်သည် အမျိုးသားများ ပိုမိုသတိထားနေထိုင်ရမည့်ကာလြ
ဘာတွေလုပ်သင့်သလဲ...........???
မေတ္တာရေး အဆင်မပြေသူများ...၊ နှလုံးသားရေးရာ ကံဇာတာ နိမ့်ကျနေသည်ဟု အထင်ရှိနေသူများ အနေဖြင့်.....ဘု
ကျန်းမာရေးအခြေအနေများ
ကျန်းမာရေးအခြေအနေမှာ ယခုနှစ်အတွင်း ဗုဒ္ဓဟူးသားသမီးများ အနက်...နာမည်အဖျားစာလုံးကို (ပ၊ဖ၊ဗ၊ဘ၊မ) ဖြင့် မှည့်ခေါ်ထားသော .....ဥပမာအားဖြင့် ...၊ ၀င်းဝင်းမာ၊ လွင်မောင်မောင်၊ တိုးဝေဖြိုး ၊ သူဇာမြင့်၊ အစရှိသော နာမည်ရှင်မျိုးတို့မှာ ကျန်းမာရေး အခြေအနေ ပိုမိုထိခိုက်လွယ်သော အနေအထားရှိပြီး .... ရာဟုသားသမီး
ဘာတွေလုပ်သင့်သလဲ..........????
ထီကံစမ်းလိုသူများအတွက်........
ဗုဒ္ဓဟူးသားသမီး၊ ရာဟုသားသမီးအားလုံးအတွက် ၅ဂဏန်းသည် ယခုနှစ်အတွင်း လာဘ်လာဘ ရွှင်လန်းစေသောဂဏန်းဖြစ်ြ
အထူးပြုဟောဆိုချက်.............
ချမ်းမြေ့ကြပါစေ။
အပ္ပမာဒေါစ ဓမ္မေသု ဧတံမင်္ဂလ မုတ္တမံ။ .........
သုတေသီ ဝေသာလီမောင်ဖုန်း .။
Labels:
၁၃၇၁ ဟောစာတမ်းများ
အချစ်ရေ .. ကိုယ့်ကြောင့် . . ကိုယ် ဗေဒင်တွက်နေပြီ
Tuesday, 16 June 2009Posted by
တေးအေးရိပ်
သိန်း ၂၁၀ နဲ့ ၂၃၀ အတွင်း မှာ အရောင်းအ၀ယ် ဖြစ်သွားလိမ့်မယ်။
ဗျာ . . စည်သူလွင့် စီးရီး ထုတ်မလို့  . သြော် . . သီချင်းတွေလည်း ရထားပြီးပြီ . . producer နဲ့  တွေ့ ပြီး အခွေထုတ်ဖို့ ပဲ ကျန်တော့တယ်လား .. အမယ် တယ်ဟုတ်ပါလား . . ဘယ်လိုဘယ်လို .?? . လိုချင်တဲ့ ငွေပမာဏ မရမှာစိုးလို့  စိတ်ပူနေတယ်လား .. သြော် .. အဲဒီအတွက် အကြံပေးရမယ်ဆိုပါတော့ .. ဟဲဟဲ ဒါမျိုးဆိုရင်တော့ စားပွဲတစ်လုံးမှ ရမယ် . .. .. မွေးသက္ကရာဇ်လည်း ပေးအုံး.. အင်း ရပြီ ..
အခု ခင်ဗျားက တနင်္လာသက်ရောက် ၊ အမည် က ကြာသပတေး နဲ့ စတယ် တနင်္ဂနွေ နောက်ပိတ် ဆိုတော့ကာ ... အခြေအနေ က မဆိုးပါဘူး .. ။ ထွက်မှာပါပဲ ။ (ပုံ ၁)
အင်း ငွေကိစ္စ စကားပြောဖို့ အကောင်းဆုံးက စနေနေ့ ။ တနင်္ဂနွေ နဲ့ ဗုဒ္ဓဟူး ပူးပြီး မှည့်ထားတဲ့သူတွေ နဲ့ စီးပွားရေးကိစ္စ စတင်လုပ်ကိုင်တာတွေရှောင် . . ၊ စနေ ၊ တနင်္လာ ၊ အင်္ဂါ အမည်ရှင်တွေ ၊ အကျိုးပေးတယ်။ ၀၊ ၁ ၊ ၂ ၊ ၉ ဂဏန်းတွေ အကျိုးပေးတယ်။ Producer တွေ ကို အဲဒီ အမည်တွေအတိုင်း ရွေးချယ်လုပ်ကိုင်တော့ ဈေးစကားပြောရင် အဆင်ပြေမှာပေါ့ဗျာ. ။ (ပုံ ၂)
လုပ်ငန်းစတင်မယ်ဆိုရင် စနေ နေ့ မှာ စပြီး ဆောင်ရွက်ပေါ့ ။ အဲဒီနေ့ မှာ ဈေးစကားပြော။ ညှိုနိုင်းတိုင်ပင်။ ဗျာ . .အစီအရင် လိုတယ် .. အင်း .. ဒီလိုဗျ . . စနေ ၊ တနင်္လာ နံ ပန်းတွေ ၊ စားသောက်ဖွယ်ရာတွေ ဘုရားရှင်ကို ပူဇော် ဆက်ကပ်လှူဒါန်း . . အတိတ် ၊ နိမိတ် ၊ မင်္ဂလာရှိတဲ့ သီချင်းတွေ ဖွင့်ပြီး မင်္ဂလာယူပေါ့ဗျာ . . ပုံ (၂)
ငွေကြေးကိစ္စ ဆောင်ရွက်တော့မယ်ဆိုရင်တော့ ဒိဝါပတိ ဂါထာကို နေ့ တိုင်း ပုတီး (၃) ပတ် စိပ် ၊ (၉) ရက် အဓိဋ္ဌာန်ဝင်ပြီး စိပ်ရမယ်။ ထုံးစံအတိုင်းပဲပေါ့ .. စနေက အားကောင်းနေတာ ဆိုတော့ စနေနေ့ ကိုပဲ ရွေးပြီး စကားပြောပေတော့..
အင်း .. အခွေအမည်ကို ရွေးဖို့ ဆိုရင်တော့ စနေပဲ ပြောရမှာပဲ ။ စနေနံ နဲ့ စတာ ကောင်းတာပေါ့ဗျာ..။ နောက်ပြီး မီးနဲ့ ပတ်သက်တာ ၊ ပူလောင်ခြင်း ကို အဓိပ္ပါယ်ဖော်ဆောင်တဲ့ စကားလုံးမျိုး ရွေးဖို့ အကြံပေးချင်တာပေါ့ဗျာ..
အခွေအတွက် ဈေးစကား ၊ငွေကြေးအရ ပြောမယ်ဆိုရင်တော့ သိန်း ၂၁၀ နဲ့  ၂၃၀ အတွင်း မှာ အရောင်းအ၀ယ် ဖြစ်သွားလိမ့်မယ်။ ကိုယ်တိုင် အားထုတ်မှု တစ်ခုခု ရှိမှ အဆင်ပြေမှာနော် .. ဒီအတိုင်းကတော့ ရမှာမဟုတ်ဘူး .. အပေါ်မှာ ပြောခဲ့တဲ့ အတိုင်း အဓိဋ္ဌာန်ဝင်ပြီးမှ ဆောင်ရွက်စရာရှိတာတွေကို ဆောင်ရွက်ပေါ့ . အဲဒီ ရက်ပိုင်း အတောအတွင်း အရက်သေစာ သောက်စားတာတွေ ရှောင်တော့ ပို ကောင်းတာပေါ့ဗျာ. .. ( ပုံ ၃)
x x x

ဒီလို ယူဆခဲ့ပါတယ် ။
ပုံ ( ၁)
စည်သူလွင် - တိုင်ခြေ အား ကောဇာ လာဘ ကပ်၏ ။ တန်းကပ် ရှိ အသံထွက်ပစ္စည်းများ အား ညွှန်းဆိုသည့် (၆) သည် ထွက်နေရာတွင်ရှိ၏ ။
ပုံ (၂)
နိစ်ပြ - ဗုဒ္ဓဟူး + တနင်္ဂနွေ နံတွဲ အား ရှောင်စေ၏။
တန်းစီး - စနေ (၀) အား ကောဇာ၏ ကောင်းသော ၀ရ ဂြိုဟ် ( ၁ ) ကပ်၏
တိုင်ခြေ - အင်္ဂါ (၃) အား ကောဇာ၏ ကောင်းမွန်သော လာဘဂြိုဟ် (၄) ကပ်၏
တိုင်ထိပ် - တနင်္လာ (၂ ) အား ကောဇာ ၏ ဗျာယဂြိုဟ် (၃) ကပ်၏
ပုံ (၃)
တိုင်ထိပ် - ၂၃ ၊ တန်းစီး - ၀၁
တိုင်ထိပ် နှင့် တန်းစီး သည် ၀င် ၊ ထွက် ၊ ၀င် ၊ ထွက် နာ ၊ သေ ၊ထွက်ပျက် အရ ၀င်နေရာတွင် ရှိ၏ ။ ငွေကြေးအား ညွှန်းဆိုသည် ၂ အား ကောဇာ ဗျာယ ကပ်သောကြောင့် လိုအပ်သည့် ငွေကြေးပမာဏ မရရှိမှာကို စိုးရိမ်ပူပန်နေရခြင်း ဖြစ်၏ ။ တန်းစီး တိုင်ထိပ် အ၀င်သဘောအရ သိန်း ၂၁၀ မှ ၂၃၀ ( စနေ အား ၂ ဟုယူဆ၏) ရမည်ဟု ခန့် မှန်းလိုက်ခြင်း ဖြစ်၏ ။
Labels:
ဆန်း
အင်္ဂါ သားသမီးများအတွက် ၁၃၇၁ ခုနှစ်
Thursday, 28 May 2009Posted by
ဝေသာလီ မောင်ဖုန်း
အင်္ဂါ သားသမီးများအတွက် ၁၃၇၁ ခုနှစ်
2009-05-28T11:43:00+01:00
ဝေသာလီ မောင်ဖုန်း
၁၃၇၁ ဟောစာတမ်းများ|
Comments
ကောဇာမြန်မာခုနှစ် ၁၃၇၁ခုနှစ် အတွင်း ခုနှစ်ရက်သားသမီးများအားလုံး အတွက် ကံဇာတာဟောပြောချက် လက်ဆောင်
ယခုရောက်ဆဲ ၁၃၇၁ခုနှစ်အတွင်း
အင်္ဂါသားသမီးများအတွက် .......
အင်္ဂါသားသမီးများ ယခုရောက်ဆဲ ၁၃၇၁ခုနှစ် သည် ...... အသက်မွေးမှု အလုပ်အကိုင်အတွက် ကြိုးစား ရှာဖွေရမည့် နှစ်တစ်နှစ်ဖြစ်သည်။ အလုပ်အကိုင်ကို စိတ်မ၀င်စားပဲ ..နေချင်သလို နေသူအချို့ပင်လျှင် ...ယခုနှစ်အတွင်း ဘာလုပ်ငန်းနှင့် အသက်မွေးရကောင်းမလဲ စဉ်းစားမိလာတတ်သော နှစ်မျိုးဖြစ်သည်။ အကျိုးစီးပွားရရန် အားထုတ်လုပ်ကိုင် ဆောင်ရွက်စေတတ်သော နှစ်မျိုးဟု ယေဘုယျ ခေါ်ဆိုနိုင်ပေသည်။ အင်္ဂါသားသမီးများအနေနှင့် ယခုနှစ်အတွင်း ငွေကြေးအတွက်သော်လည်းကောင်း ၊ ကြွေးမြီများအတွက် သော်လည်းကောင်း ၊ ခေါင်းအတန်အသင့် ခဲရတတ်သော နှစ်မျိုးလည်း ဖြစ်ပေသည်။
အသက်မွေးမှုအခြေအနေများ
ဘာပဲလုပ်လုပ် သတိနှင့် လုပ်သင့်သော ကာလဖြစ်သည်။ အထူးသဖြင့် ငွေရေးကြေးရေး အခြေအနေများတွင် ... သတိပြု ကိုင်တွယ်မိစေရန် လိုအပ်သည်။ အထူးသဖြင့် .....၂ ဂဏန်းပါသော ..ငွေကြေးကိစ္စများကို သတိပြု ဆောင်ရွက်သင့်သည်။ ဥပမာအားဖြင့် ၂၀၀ ၊ ၂၀၀၀၊ ၂၀၀၀၀၊ ၂၀၀၀၀၀၊ ၂၀၀၀၀၀၀ ... စသည်ဖြင့် ဖြစ်သည်။ အင်္ဂါသားသမီးများအတွက် .. အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာဂြိုဟ်သည် ...တနင်္ဂနွေဂြိုဟ် နေမင်းနှင့် ဆက်နွယ်နေသော နှစ်မျိုးဖြစ်ခြင်းကြောင့်... လျှပ်စစ်နှင့် ပတ်သက်သော ပြုပြင်ရေးဆိုင်ရာ လုပ်ငန်းများ နှင့် ပိုမိုဆက်နွယ်နေတတ်သော ကာလဟုလည်း ဆိုနိုင်သည်။ ယျေဘုယျအားဖြင့် သင့်တင့်သော အနေအထားရှိသော နှစ်မျိုးဖြစ်သည်။
ဘာတွေလုပ်သင့်သလဲ.........?????
နေမင်းနှင့် နှီးနွယ်နေသော နှစ်မျိုးဖြစ်ခြင်းကြောင့် ..... မိမိတို့ဆိုင်ရာ အလုပ်ခန်း ...၊ ရုံးခန်း၊ စားပွဲ တို့တွင် နေတံဆိပ် တစ်မျိုးမျိုးကို အဆောင်သဘောမျိုး ထားရှိသင့်သော ကာလဖြစ်သည်။ ဗုဒ္ဓဘာသာဝင်များအဖို့ .... မောရသုတ်တော်ကြီးကို မကြာခဏ ရွတ်ဖတ်ပူဇော် ပေးသင့်သည်။ အခက်အခဲများ ကင်းစင် ပပျောက်သွားပါလိမ့်မည်။ အကြံအစည်အောင်မြင်စေလိုပါက ...တနင်္ဂနွေထောင့်တွင်... ၀ါး (၁၇) ညွန့် လှူဒါန်းပေးပါ။
နှလုံးသားရေးရာအခြေအနေများ
အင်္ဂါသားသမီးများအတွက် ယခုနှစ် နှလုံးသားရေးရာ အခြေအနေမှာ ရတာမလို လိုတာမရဖို့ ... ကံဇာတာက ဖန်တီးနေတတ်သော ကာလဖြစ်သည်။ အများအားဖြင့် စိတ်တိုင်းမကျ ဖြစ်နေရတတ်သည်။ နှလုံးသားရေးရာတွင်... ကြံစည်သည်နှင့် တစ်ခြားစီလိုလို ဖြစ်နေရတတ်သောကာလဖြစ်သည်။
ဘာတွေလုပ်သင့်သလဲ...........???
ဖူးစာကံ မလှုပ်တစ်လှုပ် ဖြစ်နေသူများအဖို့.....အောက်ပါယတြာကို ယုံကြည်မှု စိုက်ထုတ်ပြီး ဆောင်ရွက်ပါက အဆင် အတန်အသင့်မှ အမြောက်အများထိ မိမိတို့ ကိုယ်စွမ်းဥာဏ်စွမ်းနှင့် ပေါင်းစပ်အားလျော်စွာ.... ပြေလည် တိုးတက်လာနိုင်ပါကြောင်း.....။ မွေးနေ့ နံနက် ၆နာရီ မှ ..၇နာရီ ၃၀မိနစ်အတွင်း ..... တန်ခိုးကြီး ဘုရား တစ်ဆူဆူ၏ သောကြာထောင့်တွင်... အုန်းညွန့် ၆ညွန့်ကို ...ကပ်လှုပူဇော်ပြီး ချစ်ခြင်းမေတ္တာနှင့် ပတ်သက်သော လိုရာဆုတစ်ခုခု ကို တောင်းပါ။ မေတ္တာရေးအဆင်မပြေသူများ အစိမ်းရောင်ကိုရှောင်ပါ။
ကျန်းမာရေးအခြေအနေများ
အများအားဖြင့် ကျန်းမာရေး တိုးတက် ကောင်းမွန်နိုင်သော ကာလဖြစ်သည်။ သို့သော်.. အုန်းသီး ပါသော အစားအစာများကို အလွန်အကျူး မစားသင့်သော ကာလဖြစ်၏။ အမည်အားဖြင့်.. အဖျားစာလုံးကို ( အ၊ဥ) အက္ခရာဖြင့် မှည့်ခေါ်ထားသူများ ကျန်းမာရေး ဂရုစိုက်ရန်လိုအပ်သည်။ ဥပမာအားဖြင့် အောက်ပါ နာမည်မျိုးတို့ဖြစ်သည်။ စိုးစိုးဦး၊ ဇော်အောင်၊ ဇင်မာဦး၊ မိုးပွင့်အေး၊ တိုးမြင့်ဦး.... ။ ယင်းအမည်ရှင်တို့မှာ ၀မ်းရင် ဥပဒ်ပေးခြင်း၊ အရေပြားပေါ်တွင်...အပူနာများပေါက်ခြင်း၊ အပူအအေး မမျှတမှုကြောင့်(တေဇောဓါတ် ဖောက်ပြန်မှုကြောင့်) ဖြစ်ပွားသော ရောဂါဝေဒနာအချို့ကို ခံစားရတတ်သောကာလဖြစ်ပေသည်။
ဘာတွေလုပ်သင့်သလဲ.........?????
ကျန်းမာရေး မကောင်းပါက....တနင်္ဂနွေထောင့်တွင်..၀ါးညွန့် (၁၇) ညွန့်လှုပါ။ အပူအအေး လွန်ကဲသော စားသောက် ဖွယ်ရာများ ရှောင်ကျဉ်ပေးရမည့်ကာလဖြစ်သည်။ ယင်းတို့ကို စားသုံးခြင်းကြောင့် ကျန်းမာရေးကို ထိခိုက်စေတတ်ပါသည်။
ထီကံစမ်းလိုသူများအတွက်........
၁၊ ၇၊ ၈ ပါသော ထီဂဏန်းများ ကံစမ်းနိုင်သော ကာလဖြစ်ပါသည်။ အစိမ်းရောင်သည် လာဘ်လာဘ ပိုမိုရွှင်လန်းစေနိုင်ပြီး...၊ ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင် ထီကံစမ်းပေးသင့်ပါသည်။
အထူးပြုဟောဆိုချက်.............
ယခုနှစ်သည် အင်္ဂါသားသမီးများအတွက် ... ခရီးထွက်ရန် သင့်လျော်မှု နည်းပါးသော ကာလဖြစ်သည်။ ခရီးစဉ်ပျက်ခြင်း၊ ပြောင်းလဲပြင်ဆင်ရခြင်းများ ဖြစ်ပွားတတ်ပါသည်။ ငွေကြေးပိုင်းဆိုင်ရာ ကြိုးစား ရုန်းကန် ရမှုများ ပိုမိုများပြားတတ်ပြီး၊ နာမည်အဖျားစာလုံးကို .. (တ၊ထ၊ဓ၊ဒ၊န) နှင့် ....မှည့်ခေါ်ထားသူများအဖို့ ..၊ စိတ်ဒွိဟ အထူးများပြားတတ်သောကာလလည်းဖြစ်သည်။ အလုပ်အကိုင်နှင့် နေရာဌာနပိုင်းဆိုင်ရာတွင်လည်း မလုပ်ချင်ဘဲ လုပ်နေရခြင်း၊ မနေချင်ဘဲ နေနေရခြင်းမျိုးတို့ ရှိနေတတ်သော ကာလဖြစ်ပါသည်။ မည်သို့ပင် ဖြစ်စေ....ခေါင်းဆောင်မှုနှင့် အရည်အသွေးပိုင်းတွင်မူ ထက်မြက်လာနိုင်သော ကာလ ဖြစ်ခြင်းကြောင့် ..... လက်တွေ့ကျကျ လုပ်ကိုင်ခြင်းဖြင့် အခက်အခဲများကိုကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း။
ချမ်းမြေ့ပါစေ။
အပ္ပမာဒေါစ ဓမ္မေသု ဧတံမင်္ဂလ မုတ္တမံ။
သုတေသီ ဝေသာလီမောင်ဖုန်း၊
Labels:
၁၃၇၁ ဟောစာတမ်းများ
Subscribe to:
Posts (Atom)


