မြတ်သော ကာယကံ၊ ၀ဇီကံ၊ မနောကံ၌
သင်၏ဆောက်တည်ခြင်းသည် ဖြစ်စေသတည်း။
ထို့ အတူ သင့်အား ကောင်းမြတ်သောနက္ခတ် ၊ ကောင်းမြတ်သော မင်္ဂလာ သည် ဖြစ်စေသတည်း
ထို့ အတူ သင့်အား ကောင်းမြတ်သောနက္ခတ် ၊ ကောင်းမြတ်သော မင်္ဂလာ သည် ဖြစ်စေသတည်း
မြန်မာ့ရိုးရာဗေဒင် နှင့် နက္ခတ် ဆိုက်ဒ်မှ ဆောင်းပါးများအား အောက်ဖော်ပြပါ အကြောင်းအရာများမှ အပ မူရင်းရေးသားသူနှင့် ဆိုက်ဒ်အမည်အား ဖော်ပြပြီး လွတ်လပ်စွာ ကူးယူနိုင်သည်။
(၁) ဘာသာတရား နှင့် နှိုင်းယှဉ်ပြီး ပုတ်ခတ် ရေးသားမှုများ
(၂) မသိ မတတ်ဘဲ ပညာရပ်များအား နှိုင်းယှဉ်တွက်ချက်မှုများ
(၃) အပျင်းပြေ၊ အပျော်သဘော အစရှိသည့် ပညာရပ်အား အထင်သေးစေမည့် တင်ဆက်မှုများ
(၁) ဘာသာတရား နှင့် နှိုင်းယှဉ်ပြီး ပုတ်ခတ် ရေးသားမှုများ
(၂) မသိ မတတ်ဘဲ ပညာရပ်များအား နှိုင်းယှဉ်တွက်ချက်မှုများ
(၃) အပျင်းပြေ၊ အပျော်သဘော အစရှိသည့် ပညာရပ်အား အထင်သေးစေမည့် တင်ဆက်မှုများ
နက္ခတ်ဗေဒင်ဟောရင်းသင်မယ် - (နက္ခတ်ဂိုဏ်း သင့်ခြင်း )
Friday, 28 September 2007Posted by
တေးအေးရိပ်
Comments
ယခုတင်ပြချက်များသည် ၃ ရက် အတွင်း နက္ခတ်စုံညီစွာဖြင့် အကြောင်းအခြင်းအရာများ ထင်ရှားဖြစ်ပေါ်လာနိုင်ချေ ရှိပါသည်။
မြန်မာသက္ကရာဇ် ၁၃၆၉ ခု ၊ တော်သလင်းလပြည့်ကျော် ၄ ရက်နေ့ ၊ ခရစ်သက္ကရာဇ် ၂၉ ၊ ၀၉ ၊ ၂၀၀၇ ခု (စနေ နေ့ )

(မြန်မာနိုင်ငံဇာတာပုံ)
ဒီနေ့  ဇာတာအရ မြန်မာနိုင်ငံဟာ
၁- ဝေသန္တရာ မိမိနေထိုင်ခဲ့တဲ့ တိုင်းပြည်ပြန် ၊ ထီးနန်းပြန်ဆက်ခံရကိန်း ကို ရောက်ရှိနေပါတယ်။
တောတောင်ထဲ ခဏသွားနေပြီး လွတ်တဲ့ကိန်းလို့ ဆိုနိုင်ပါတယ်။
မြန်မာပြည်ဇာတာကွက်ထဲက အင်္ဂါကို ဒီနေ့ (၂၉၊ ၀၉၊ ၂၀၀၇) ဇာတာထဲက စနေ ဟာ ၀င်ရောက် စီးနင်းပါတယ်
အင်္ဂါကို နက္ခတ်ဗေဒင်မှာ ဖွင့်ဆိုရှင်းလင်းချက်ကတော့
- လင်၊ စစ်သူကြီး၊ ချင်ဆီ၊ ခွန်အား၊ ဖြူနီ၊ အငန်၊ တောင်အရပ်၊ ရွှေ၊ မီးလောင်ပုဆိုး၊ ယောက်ျား ၊ ညာဘက်၊ ကျွန်၊ လေ ကိုပြဆိုပါတယ်။
စနေကို နက္ခတ်ဗေဒင်မှာ ဖွင့်ဆိုရှင်းလင်းချက်ကတော့ အကျဉ်းအားဖြင့် ပြည်သူ လို့ ပဲ မှတ်ယူပါ။
တိုင်းရေးပြည်ရေးအတွက် ဖွင့်ဆိုချက်ကတော့ အင်္ဂါဟာ စစ် ၊ စနေဟာ ပြည်သူ လို့ ဆိုပါတယ်။
ဒီနေ့ မှာတော့ မြန်မာဇာတာ ပေါ်က စနေကိုသောကြာဝင်ရောက်စီးပါတယ် ။
ဒါကြောင့် အကြီးအကဲပိုင်းများတွင် နေရာရလိုမှုများ ပေါ်ပေါက်လာနိုင်ပြီး မသင့်မမြတ် ရန်ဖြစ်ရာမှ အုပ်စု ကွဲနိုင်သည်။
---------------------------------------------
အခု တင်ပြမဲ့ဇာတာကတော့ သောကြာအမည်ပိုင်ရှင် ဇာတာတစ်ဦး ဖြစ်ပါတယ်။

(သောကြာအမည်ပိုင်ရှင် ဇာတာပုံ)
သူ့ ဇာတာနဲ့ ဒီနေ့ဇာတာကို ထပ်ထားပြီး ကြည့်လိုက်ရင်တော့
သူ့မွေးနံ လဂ်နဲ့ ရာဟုပေါ် ဒီနေ့(၂၉၊ ၀၉၊ ၂၀၀၇) ရာဟု လာထပ်နေပါတယ် ။ လဂ်ပေါ် ကောဇာ ရာဟုစီးလို့ အသုရာကို သိကြားတွန်းချတဲ့ကိန်း ကျရောက်နေပါတယ်။
ရာထူးကျကိန်း၊ မြင့်ရာက နိမ့်ရာကို ရောက်ရှိမဲ့ကိန်း၊ ထွက်ပြေးရမဲ့ကိန်း၊ အာဏာသိမ်းခံရမဲ့ကိန်း၊ အဓမ္မကို ဓမ္မက နိုင်မဲ့ကိန်း လို့ ယူဆနိုင်ပါတယ်။
ရာဟုချင်း စီးတာမို့ လို့ အဖမ်းခံရတာတွေ ၊တရားစွဲခံရတာတွေ၊ တရားစီရင်ခံရတာတွေ ဖြစ်ပြီးတော့ ဆုံးရှုံးမှုတွေ ဖြစ်ပါမယ်။ ဒုက္ခရောက်ခြင်း၊ ဂိုဏ်းသင့်ခြင်းများကိုလည်း မျက်ဝါးထင်ထင် ခံစားရပါမယ်။
ဒီနေ့ မှာတော့ စနေဟာ သူရဲ့ ဇာတာမှာပါရှိတဲ့ အင်္ဂါကို စီးနေတဲ့အတွက်မို့ လို့ အောက်လူ တော်လှန်ခံရတာ၊.. ဒီနေ့စနေက သူ့ဇာတာ ၅ကြာသပတေးကိုစီးလို့ အကြံပျက်ပြီး ထွက်ပြေးရတာတွေ ကြုံတွေ့ လာနိုင်ပါတယ်။
ဒီနေ့ဇာတာဟာ စန်းချင်း လဲ စီးနေတာဖြစ်တဲ့အတွက် အခြေအနေမကောင်းရင် အသက်အန္တရာယ် ဘေးတွေ့ နိုင်ပါတယ်။ ရင်ဘတ် ၊ ၀မ်းဗိုက်နေရာ တစ်ဝိုက် ဖြစ်ပါမယ်။
----------------------------------------
နောက်တစ်ယောက် ဇာတာကို ဖော်ပြပေးပါမယ်။
တနင်္ဂနွေအမည်ပါတဲ့ဇာတာရှင်ဖြစ်ပါတယ်။

(တနင်္ဂနွေအမည်ပိုင်ရှင် ဇာတာပုံ)
ဒီနေ့ မှာတော့ သူ့ဇာတာမှာပါရှိတဲ့ အင်္ဂါပေါ်ကို ရာဟုစီးတဲ့အတွက် မကောင်းသူတွေနဲ့ ပေါင်းပြီး မကောင်းမှုတွေကို တရစပ် ဆက်တိုက် ကျူးလွန်နေပါလိမ့်မယ်။ ကိုယ်တိုင်လုပ်စရာမလို ပဲ အမိန့် ပေး ရုံတစ်ခုပါပဲ။ ကျန်တာတွေကို အောက်လက်ငယ်သားတွေဟာ တာဝန်ကျေပွန်စွာ ထမ်းဆောင်ဖို့ အတွက် အဆင်သင့်စွာနဲ့ စောင့်ဆိုင်းခံနေရတဲ့ ကံထူးသူ ဇာတာရှင်ပါ။
ဒါပေမယ့် ဒီနေ့ မှာတော့ ကြာသပတေးဟာ သူ့ ဇာတာခွင်ထဲက ရာဟု အပေါ်ကို စီးနင်း နေတာကြောင့် ဒီကနေ့  ပြုလုပ်မဲ့ မကောင်းမှုတွေကို ရင်နာနာနဲ့ လုပ်နေတာ ၊ တစ်နည်းပြောရရင် ဂိုဏ်းသင့်မယ် ဆိုတာကို သိရက်နဲ့ ကျူးလွန်နေမှာ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
တစ်ခါ ၁နွေက သူ့ရဲ့ စန်းပေါ်စီးလို့ ၀တ္တရား အရလုပ်နေရတာ ဖြစ်တာကြောင့် မိမိချစ်ခင်ရသူ ဇနီး၊ မိန်းမနဲ့ ကွဲရပါလိမ့်မယ်။ သူ့ကိုလဲ တော်လှန်ပြီး အောက်လူ ထွက်သွားပါလိမ့်မယ်။
-ရာဟုဟာ နက္ခတ်ဗေဒင်မှာကတော့ မိန်းမ၊ လက်ယာ၊ လေ တို့ ကိုပြဆိုထားပါတယ် ။
ဇာတာကို ရာဟု စီးခံနေရတာ ဖြစ်တာကြောင့်သူ့ ကို မိန်းမ က အနိုင်ရပါမယ် ။
-----------------------------------------
နောက်တစ်ယောက် ဇာတာပါ။ သူကတော့ အမျိုးသမီး တနင်္ဂနွေအမည်ပါတဲ့သူ ဖြစ်ပါတယ်။

(တနင်္ဂနွေအမည်ပိုင်ရှင် ဇာတာပုံ)
၂၉၊ ၀၉၊ ၂၀၀၇ မှာတော့ သူ့ ဇာတာမှာ ပါတဲ့ ၁နွေ။ ၄ဟူး၊ ၀နေ၊ ၈ဟုတို့ကို ဒီနေ့ ၃အင်္ဂါစီးနေတာကြောင့်
-သူ့ကို မကောင်းတာလုပ်ဖို့ လာဆွယ်တာတွေ ကြုံရပါမယ်။
-ပြောဆိုမရ လက်ပေါက်ကတ်တဲ့လူတွေနဲ့ တွေ့ရမယ်။
- ဒါပေမယ့် သူ့လက်အောက်ကို လူတွေ အများကြီး ခိုဝင်လာပါမယ် ။
- ဘယ်လိုလူတွေက ခိုဝင်လာမလဲဆိုရင်တော့ သူ့ဆီကို အတွင်းလူလို့ ခေါ်လို့ ရတဲ့ သူ့ လူ ကိုယ့်ဘက်သားတွေ လာပေါင်းတာတွေ ကြုံရပါမယ်။
- သူဟာ အဲဒီနေ့ မှာတော့ စိတ်လှုပ်ရှားခြင်း၊ စိုးရိမ်ပူပန်ခြင်း တို့ ကို တစ်ပြိုင်တည်း ခံစားရပါလိမ့်မယ်။
- ပေါင်းသင့်မပေါင်းသင့် ကို အပြင်းအထန် စဉ်းစားနေရတာမို့ လို့  ပါပဲ။
- တစ်ချိန်တည်းမှာပဲ သူဟာ သွေးနဲ့ပတ်သက်တဲ့ ဝေဒနာလဲ ခံစားနေရရှာတယ်
- သူ့ဆီကို ၄ဟူးနဲ့ ပတ်သက်တဲ့ ရွှေငွေရတနာတွေ ၊ လူတွေ ၀င်နေတာကို တွေ့ မြင်ရပါတယ်။
-ဒါပေမယ့် သူမဟာ ၀တ္တရားအတိုင်း တိတိကျကျ လုပ်တဲ့လူဖြစ်တဲ့အလျောက် တိတိကျကျ သေချာစွာ ဆုံးဖြတ် ပါလိမ့်မယ်။
- ထို့ အတူ သူမရဲ့  လက်အောက်အတွင်းမှ အတွင်းလူအများအပြားဟာလည်းပဲ ဆန့် ကျင်ဘက် အသိုင်းအ၀န်းတွေထဲကို ကူးပြောင်း ပေါင်းစည်းသွားပါလိမ့်မယ်။
- လောလောဆယ် အနေဖြင့် ကြံစည်ထားသမျှ အကြံပျက်ပြီး ဟိုရွှေ့၊ ဒီပြောင်းလုပ်ခြင်းကို ဆက်လက်ခံနေရပါမည်။ သို့ ရာတွင်
.......................
အာယုစန်း ဖြင့် တွက်ချက် ရမည် ဖြစ်သောကြောင့် ဆက်လက်တင်ပြပါမည်။
*** ယခု နက္ခတ် အမြင်များသည် သုတေသန အမြင်များသာ ဖြစ်ပါကြောင်း ***
P.S ဇာာတာပုံများအား ဆက်လက်တင်ပေးပါမည်။
Labels:
နက္ခတ်
နက္ခတ်ဗေဒင်ဟောရင်းသင်မယ် - (နက္ခတ်ဂိုဏ်း သင့်ခြင်း )
2007-09-28T20:22:00+01:00
တေးအေးရိပ်
နက္ခတ်|
Subscribe to:
Post Comments (Atom)


